လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂ – ၃ – ၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ကျုံဘုတ် ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ မတ်လ (၉) ရက်နေ့အထိ တိုးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ ပြိုကျနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၄) အိမ်ထောင်စုစာ၊ ကြိုတင်ပြောင်းရွှေ့နေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၇) အိမ်ထောင်စုစာ၊ လူဦးရေ (၅၂) ဦးစာအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၀၉,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၀၀,၀၀၀)ကျပ်တို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒေးဒရဲမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၂ – ၃ – ၂၀၁၉) ရက်နေ့တွင် မြိုနယ်ထွေအုပ်အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_mar2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)