သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နည်းပညာပေါင်းစပ်အသုံးပြုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမှုပိုင်းဆိုင်ရာ အားကောင်းစေရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

မတ်လ ၁၁ ၊ နေပြည်တော်
UNOOSA၊ UN-SPIDER၊ UN-HABITAT နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ တွင် နည်းပညာပေါင်းစပ်အသုံးပြုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမှုပိုင်ဆိုင်ရာအားကောင်း စေရေး အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးစကားပြေားကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးနှင့်ပတ်သက်လျင် ဘေးဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်ရေး၊ ဖြစ်ပေါ်လာပါက အလျင် အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊မူလအခြေအနေထက် ပိုမိုကောင်းမွန်ဖြစ်ပေါ်ရေးနှင့်ဆက်စပ်ဌာန၊ အဖွဲ့ အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့သည် ဝန်ကြီးဌာန၏ မူဝါဒတစ်ခုဖြစ်ပါကြောင်း၊ သဘာဝဘေးများသည် လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အနှောက်အယှက် အဟန့်အတား ဖြစ်စေရုံသာမက ယုတ်လျော့ စေနိုင်သည့်အတွက် ခေတ်မီဆန်းသစ်သောနည်းစနစ် နည်းပညာများကိုအသုံးချဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေများကိုလျှော့ချနိုင်အောင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ပါကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးလျော့ပါးရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများတွင် ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေးဂြိုလ်တုများ၊ အာကာသအခြေပြု သတင်းအချက်အလက်နည်းပညာနှင့် ပထဝီဝင် သတင်း အချက်အလက်နည်းပညာများ အသုံးချနိုင်မှု စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရေး၊ အစဉ် တစိုက်တိုးတက်ပြောင်းလဲနေသောနည်းပညာများကိုမျက်ခြေမပြတ် လိုက်ပါဆောင်ရွက်နိုင်ရေး၊ သက်ဆိုင် ရာဝန်ကြီးဌာနများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြားချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေလျော့ပါးရေးဆိုင်ရာဆန်ဒိုင်းမူဘောင်နှင့် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ ချရေးလုပ်ငန်း စီမံချက်တို့ကို အကောင်အထည်ဖော်ရာတွင် အဆိုပါနည်းပညာများကို ပေါင်းစပ်ထည့်သွင်းအသုံးချနိုင်စေရေးရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊
၂၀၁၂ ခုနှစ်တွင် UNOOSA ၊ UN-SPIDER တို့မှ နည်းပညာပိုင်းဆိုင်ရာအကြံပေးအဖွဲ့နှင့် ကျွမ်းကျင်သူများပါဝင်သော အဖွဲ့ (၄) ဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းများတွင် အာကာသနည်းပညာများ ထည့်သွင်း အသုံးချ နိုင်ရေးပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပြီးယခုဆွေးနွေးပွဲမှာဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအနေဖြင့် လုပ်ငန်းစဉ်(၃)ရပ်အတိုင်းအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း၊ အစီရင်ခံစာတင်သွင်းခြင်း၊ သင်တန်းများကျင်းပခြင်းတို့အပြင် အောင်မြင်တိုးတက်မှုများနှင့် ထည့်သွင်း လုပ်ဆောင်ရမည့် အချက်များကို သုတေသနပြုဆန်းစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု သည် မမျှော်မှန်းနိုင်လောက်အောင် ပြောင်းလဲလာမှုကြောင့်သဘာဝဘေးဖြစ်ပွားမှုများ ပိုမိုပြင်း ထန်းပြီး ဖြစ်ပွားမှုအကြိမ်ရေများလာသည့်အတွက် နည်းပညာကိုမဖြစ်မနေဆောင်ရွက်ရန်လိုအပ်၍ High Level Advocacy Workshop ကို ထပ်မံပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အာရှ-ပစိဖိတ် ဒေသတွင်း ရှိနိုင်ငံများ အနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (၂၀၃၀) ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အာကာသသိပ္ပံနှင့်နည်းပညာများအသုံးပြု၍ ဆောင်ရွက်နိုင်ရေးအတွက် Asia-Pacific Plan of Action on Space Applications for Sustainable Development (2018-2030)ကို UN-ESCAP က ရေးဆွဲထားရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (၂၀၁၇) တွင်လည်း အာကာသနည်းပညာနှင့် ပထဝီဝင်သတင်း အချက် အလက်နည်းပညာ များကိုအသုံးပြုဆောင်ရွက်ရသည့် ဦးစားပေးလုပ်ငန်း များကိုထည့်သွင်း သတ်မှတ် နိုင်ခဲ့ ပါကြောင်း၊ ၎င်းအပြင် မြစ်ရေကြီးခြင်း၊ မုန်တိုင်းအန္တရာယ်၊ မုန်တိုင်းလေပြင်းနှင့်မုန်တိုင်းဒီရေစသည့် ဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ Decision Support Tool တစ်ခုဖြစ်လာစေရန် Remote Sesing နှင့် Geographic Information System (GIS) နည်းပညာများ၊ Computer Simulation Model များအသုံးပြု၍ web-based GIS Platform ကိုအာရှဖွံ့ဖြိုးမှုဘဏ်၏ နည်းပညာအထောက်အပံ့နှင့် One Map Myanmar တို့မှလည်း နည်းပညာပူးပေါင်း၍ Online ဖြင့်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအဆင့်တိုင်းတွင် အာကာသသိပ္ပံနှင့် နည်းပညာရပ်များ ထည့်သွင်းအသုံးချနိုင်ရေး၊ သတင်းအချက်အလက်အပြန် အလှန်ဝေမျှခြင်းဖြင့် အဖွဲ့ အစည်းများအကြားချိတ်ဆက် ဆောင်ရွက်မှုများကိုတိုးတက်မြန်ဆန် ကောင်းမွန်လာစေရေး နှင့် ဒီဂျစ် တယ်နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများအပါအဝင် လူသားအရင်းအမြစ်စွမ်းဆောင် ရည်ပိုင်း ဆိုင်ရာ မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေး ကြစေလိုကြောင်းတိုက်တွန်း ဆွေးနွေးပြောကြား ခဲ့ပါသည်။
ထို့နောက် UN-HABITAT, Country Programme Manager Mr.BijayKarmacharyaနှင့် UN_SPIDER,SeriorProgramme Officer DrShirishRavan တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာတက်ရောက်ကြသူများက သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ရေးနှင့် အလျင်အမြန်တုံ့ပြန်နိုင်ရေးလုပ်ငန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ နည်းပညာများအသုံးချနိုင်မှုအတွက် လိုအပ်လျက်ရှိသောဘာသာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1
#hl2
#npw_mar2019

Sign Up

Upcoming Events