တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်မှုသတင်း

12 pic 02(၁၂ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ (RCC ) ခန်းမ၌ အနောက်ပိုင်းခရိုင်အတွင်း မြို့နယ် (၁၃) ခုမှ ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား (၅၂) ဦး ၊ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ သင်တန်းသား (၄) ဦး၊ စုစုပေါင်းသင်တန်းသား (၅၆) ဦးဖြင့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းအဖွဲ့( DRR Working Group ) မှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၅ – ၃ – ၂၀၁၉) ရက်နေ့အထိ (၄) ရက်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events