မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

12 pic 01ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ ကရဝိတ်(၂)လမ်း ၊ အိမ်အမှတ် (၅၂၇)တွင် (၁၀ – ၃ – ၂၀၁၉) ရက်နေ့ (၀၈း၄၅) နာရီချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ပျဉ်ထောင် နေအိမ် (၉)လုံး၊ RC (၂)ထပ်တိုက် (၅)လုံး ၊ စုစုပေါင်းနေအိမ် (၁၄)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၂၇)စုမှ လူဦးရေ (၁၅၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၂၇) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၈,၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၃,၁၇,၁၀၀ိ/-)နှင့် မီးဘေးသင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၄)ဦး (ကျား-၃/မ-၁) တို့အတွက် ထောက်ပံ့ငွေအဖြစ် (၁) ဦးလျှင် (၅၀,၀၀၀ိ/-)နှုန်းဖြင့် (၂,၀၀,၀၀၀ိ/-)နှင့် အဝတ်အထည် (၄)အိတ်တို့အား (၁၁ – ၃ – ၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်
အတူ ဘေးသင့်ပြည်သူတို့၏ လက်ဝယ်သို့ ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။#ha_fir #ygn_mar2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events