လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲအုပ်စု၊ ညောင်ပင်ဝဲကျေးရွာတွင် (၇ – ၃ – ၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ ရှိလူဦးရေ (၆) ဦး ဘေးသင့်ခဲ့ပြီး (၁၈,၅၁၀) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၂,၆၀၀) ကျပ်နှင့် care myanmar ပိုက်ဖျာ(၁) ချပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် အတူ (၁၁ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)