လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထက်မအူတုံးကျေးရွာအုပ်စု၊ အထက်မအူတုံးကျေးရွာ၌ (၁၀-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀၀)ကျပ်၊ စုစုပေါင်း (၁၀၂,၁၀၀) ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် အတူ (၁၂ – ၃ – ၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fir #ayy_mar2019 Source: မာ်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)