Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာတို့နှင့် ပူးပေါင်း၍ (၁၃-၃-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ ဒေါဖျာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦး ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး နံရံကပ် ပိုစတာနှင့် ဗီနိုင်းပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_mar2019
-
ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်း ကျေးရွာ အုပ်စု၊ ဂုံမင်းကွင်းကျေးရွာ၌ (၁၁-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး၊ Family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်တို့အား (၁၃-၃-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၁၉)သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၁၉) ရက်နေ့မှ (၁၅-၃-၂၀၁၉) ရက်နေ့ အထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက် သုဝဏ္ဏအားကစားခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၁၉)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ ခရိုင်အဆင့် ဌာန ဆိုင်ရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလ မှာ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်တိုကျေးရွာအုပ်စု၊ ညောင်တိုအရှေ့ကျေးရွာတွင် (၁၁-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀ိ/-) ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၆,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး၊ (၂) အိမ်ထောင်စုစာတို့အား (၁၃-၃-၂၀၁၉) ရက်နေ့တွင် … Read more
-
ကယ်ဆယ်ရေးပစ္စည်းများလွှဲပြောင်းထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၉) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ Chain Saw (၂) လက်၊ Life jacket (၅၀) ထည်၊ အသက်ကယ်ကြိုး (၁၄’) (၅၀) ချောင်း ၊ (၁၀၀’) (၅၀) ချောင်း၊ (၃၃၀’) (၅) ချောင်း၊ အသက်ကယ် ဘောကွင်း (၅၀) ခု၊ အသက်ကယ်လှေ (၅) စီးတို့အား ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနသို့လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး ဘေး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀)မှ (၁၂း၀၀)ထိ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ကျေးရွာအတွင်း ကျရောက်နိုင်သော ဘေးအန္တရာယ်များ ထိခိုက်ခံရလွယ်မှုများနှင့်အရင်းအမြစ်များကို ၎င်းတို့ကိုယ်တိုင် သိရှိနိုင်စေရန် ကျေးရွာမြေပုံရေးဆွဲခြင်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် အဖွဲ့အစည်းများဖွဲ့စည်းခြင်း ဘေးအန္တရာယ်ဖြစ်ပွားလာပါက တုံပြန်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို တက်ရောက်သူ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ/သား … Read more
-
နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟောပြောပို့ချမှုသတင်း
မတ်လ ၁၃ ၊ နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာစွမ်းရည်မြှင့်တင်ရေးသင်တန်းကိုယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ တက်ရောက်ဟောပြောပို့ချခဲ့ပါသည်။ စွမ်းရည်မြှင့်သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်အနက် (၈၇) ချက်ကို လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိက ကဏ္ဍကြီး ၁၈ ခုရှိပါကြောင်း၊ … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင်အား ရန်ကုန်မြို့ရှိ British Council ,Country Director မှ လာရောက်တွေ့ဆုံမှုသတင်း
မတ်လ ၁၃ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား ရန်ကုန်မြို့ရှိ British Council, Country Director, Dr. Richard Sunderland က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် British Council မှ ဆောင်ရွက်လျက်ရှိသော လူငယ်သုတေသနစီမံကိန်းအား ဝန်ကြီးဌာနက ဖွဲ့စည်းထားရှိသော Protocol and Ethic Board ၏ စည်းမျဉ်းများနှင့်အညီ ပြုစုဆောင်ရွက်ရေး၊ အဆိုပါ လူငယ်သုတေသနစစ်တမ်းအနေဖြင့် နိုင်ငံတော်မှ … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်အား ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးသည် (၁၁ – ၃ – ၂၀၁၉) ရက်နေ့ ညနေပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်လျှက်ရှိသည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၅/၂၀၁၉) တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်အား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း ဝေးခန်းမ၌ (၁၂-၃-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၉) ၌ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့ပေးမှုအခြေအနေများ၊ ဥပဒေနှင့် သဘာဝဘေးအန္တရာယ်များအကြောင်းများအား ဆွေးနွေးပို့ချခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_mar2019









