လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း ဝေးခန်းမ၌ (၁၂-၃-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၉) ၌ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့ပေးမှုအခြေအနေများ၊ ဥပဒေနှင့် သဘာဝဘေးအန္တရာယ်များအကြောင်းများအား ဆွေးနွေးပို့ချခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_mar2019