မတ်လ ၁၃ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား ရန်ကုန်မြို့ရှိ British Council, Country Director, Dr. Richard Sunderland က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် British Council မှ ဆောင်ရွက်လျက်ရှိသော လူငယ်သုတေသနစီမံကိန်းအား ဝန်ကြီးဌာနက ဖွဲ့စည်းထားရှိသော Protocol and Ethic Board ၏ စည်းမျဉ်းများနှင့်အညီ ပြုစုဆောင်ရွက်ရေး၊ အဆိုပါ လူငယ်သုတေသနစစ်တမ်းအနေဖြင့် နိုင်ငံတော်မှ ရေးဆွဲအတည်ပြု ထားသော လူငယ်မူဝါဒနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#ygn_mar2019