လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်တိုကျေးရွာအုပ်စု၊ ညောင်တိုအရှေ့ကျေးရွာတွင် (၁၁-၃-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀ိ/-) ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀၆,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး၊ (၂) အိမ်ထောင်စုစာတို့အား (၁၃-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်မိသားစုများ၏ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mdy_mar2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)