နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟောပြောပို့ချမှုသတင်း

မတ်လ ၁၃ ၊ နေပြည်တော်
လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာစွမ်းရည်မြှင့်တင်ရေးသင်တန်းကိုယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ တက်ရောက်ဟောပြောပို့ချခဲ့ပါသည်။
စွမ်းရည်မြှင့်သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်အနက် (၈၇) ချက်ကို လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိက ကဏ္ဍကြီး ၁၈ ခုရှိပါကြောင်း၊ ယင်းအကြံပြုချက်ကဏ္ဍများအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများကဆောင်ရွက်ရာတွင်လက်တွေ့မြေပြင်၌ကြုံတွေ့နေရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပို့ချခဲ့ပါသည်။
ဆက်လက်ပြီးဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူ အညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ကော်မတီ၏ ဖွဲ့စည်းမှု၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ ငွေစာရင်းဖွင့်လှစ်ထားရှိမှု၊ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံကုလသမဂ္ဂအဖွဲ့အစည်းများနှင့်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အာဆီယံနှင့် ဒေသတွင်း နိုင်ငံများ၏ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုများ၊ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းပို့ချခဲ့ပါသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိပါ သည်။

#hl1
#npw_mar2019

Sign Up

Upcoming Events