ကယ်ဆယ်ရေးပစ္စည်းများလွှဲပြောင်းထောက်ပံ့မှုသတင်း

13 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၉) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ Chain Saw (၂) လက်၊ Life jacket (၅၀) ထည်၊ အသက်ကယ်ကြိုး (၁၄’) (၅၀) ချောင်း ၊ (၁၀၀’) (၅၀) ချောင်း၊ (၃၃၀’) (၅) ချောင်း၊ အသက်ကယ် ဘောကွင်း (၅၀) ခု၊ အသက်ကယ်လှေ (၅) စီးတို့အား ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနသို့လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #bgo_mar2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events