သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

13 pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀)မှ (၁၂း၀၀)ထိ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲခြင်းနှင့် ၎င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန်များ ကျေးရွာအတွင်း ကျရောက်နိုင်သော ဘေးအန္တရာယ်များ ထိခိုက်ခံရလွယ်မှုများနှင့်အရင်းအမြစ်များကို ၎င်းတို့ကိုယ်တိုင် သိရှိနိုင်စေရန် ကျေးရွာမြေပုံရေးဆွဲခြင်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် အဖွဲ့အစည်းများဖွဲ့စည်းခြင်း ဘေးအန္တရာယ်ဖြစ်ပွားလာပါက တုံပြန်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို တက်ရောက်သူ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ/သား စုစုပေါင်း (၁၂၀) ဦးအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events