Category Archives: News
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ကလေးဝမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌ (၁၈-၃-၂၀၁၉)ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုများကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၀၀)လုံးခန့်နှင့် ဘာသာရေးကျောင်း (၅)ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘာသာရေးကျောင်းများ အတွက် (၄၆)သိန်း(၈)သောင်းကျော်တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား သက်ဆိုင်ရာခရိုင်/ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများမှ တာဝန်ရှိသူ များက (၁၉-၃-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
-
လေဘေးနှင့် မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်၍ အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာတွင် လူနေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၉၅၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ နှစ်အိမ်ထောင်စာ တို့အား ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါနေ့တွင် ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် မိုးကြိုးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာရလူ (၁) … Read more
-
သဘာဝဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့များဖွဲ့စည်းခြင်းနှင့် ကော်မတီတစ်ခုခြင်းစီအလိုက် လုပ်ငန်းတာဝန်နှင့် ဝတ္တရားများအကြောင်း ရှင်းလင်းမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၉-၃-၂၀၁၉)ရက်နေ့တွင် အင်္ဂပူမြို့နယ် စည်ပင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာတွင် ကေဘီစီလူမှုရေးအသင်းနှင့်ပူပေါင်း၍ ကျေးရွာသဘာဝဘေးအန္တာရယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့များဖွဲ့စည်းခြင်း နှင့်ကော်မတီတစ်ခုခြင်းစီအလိုက် လုပ်ငန်းတာဝန်နှင့် ဝတ္တရားများအကြောင်း ကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကာကွယ်ရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၈-၃-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ သုံးထပ်ကျေးရွာအုပ်စု၊သုံးထပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့်အတူဖျာပုံခရိုင်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူ့အသံကြားနာပွဲကျင်းပခဲ့ရာဦးစီးဌာနမှ ဆောင်ရွက်နေမှုများနှင့် ယခုအချိန် ဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခဲ့ရာ ကျေးရွာပြည်သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar_sgw #ayy_mar2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကယ်ဆယ်ရေးစခန်းများမှ ဒေသအရန်မီးသတ် တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇,၀၅၇,၀၀၀) ကျပ် (ကျပ်နှစ်ရာခုနစ်ဆယ်သိန်းငါးသောင်းခုနစ်ထောင်တိတိ) ကို စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ဒေသအရန်မီးသတ် တပ်ဖွဲ့ဝင် (၃၁၁)ဦးတို့အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလ) အထိ (၁)နှစ်စာ ဧည့်မထဆန်(၉၃၃)အိတ်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးထံသို့ ရခိုင်ပြည်နယ်ဦးစီးမှူး(ဘစမ)မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #rke_mar2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မတ်လ (၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာတွင်မတ်လ (၁၆) ရက်၌ နေအိမ်(၂) လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၂) အိမ်ထောင်စုစာ၊ ဆန်ဖိုးငွေလူဦးရေ (၈) ဦး အတွက် (၁၆၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ် တို့ကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဆက်လက်၍ ဒေါ်ညိမ်းကျေးရွာ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟားခါးမြို့နယ်၊ ခွာပီးကျေးရွာအုပ်စု၊ ခွာပီးကျေးရွာ၌ (၁၇-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ Care Myanmar Family Kit(၁)စုံ၊ First Aid Kits(၁)စုံ၊Care Myanmar ပလတ်စတစ်ရေပုံး (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်နှင် … Read more
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ပုဏ္ဏားကွန်းမြို့နယ်၊ ဆင်သီပိန္နဲတော ကျေးရွာရှိ တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု(၁၇) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး၊(၁၇)စုစာ၊ လူဦးရေ(၆၄)ဦးအတွက် ဆန်ရိက္ခာ (၁) လစာထောက်ပံ့ငွေ (၅၇၆,၀၀၀)ကျပ်၊ ဘဲခိုးကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၁၇)စုစာအတွက် ကယ်ဆယ် ရေးပစ္စည်း (၅) မျိုး၊(၁၇)စုစာ၊ လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ငွေ (၅၈၅,၀၀၀)ကျပ် တိတိတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ယာချောင်းကျေးရွာ မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်နှင့် … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အောင်ပကျေးရွာ၌ (၁၄.၃.၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး၊ လူမနေသည့်အိမ် (၁) လုံး စုစုပေါင်းအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၂) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၂) စုစာ၊ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) … Read more
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဆင်သီပိန္နဲတော ၊ ကျွဲလမ်းချောင်း၊ လက်ဝဲမြန်၊ င/ပြောက်ဆည်၊ ယိုးတရုတ်၊ ဘဲခိုးကျေးရွာများရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၃၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုးစီ၊ လူဦးရေ(၅၈၂) ဦးအတွက် ဆန်ရိက္ခာ (၁)လစာဖိုးထောက်ပံ့ငွေ(၅,၂၃၈,၀၀၀) ကျပ်အား (၁၉-၃-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_mar2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)









