ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

19_Pic_03 19_Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ပုဏ္ဏားကွန်းမြို့နယ်၊ ဆင်သီပိန္နဲတော ကျေးရွာရှိ တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု(၁၇) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး၊(၁၇)စုစာ၊ လူဦးရေ(၆၄)ဦးအတွက် ဆန်ရိက္ခာ (၁) လစာထောက်ပံ့ငွေ (၅၇၆,၀၀၀)ကျပ်၊ ဘဲခိုးကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၁၇)စုစာအတွက် ကယ်ဆယ် ရေးပစ္စည်း (၅) မျိုး၊(၁၇)စုစာ၊ လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ငွေ (၅၈၅,၀၀၀)ကျပ် တိတိတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ယာချောင်းကျေးရွာ မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ(၅) ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၀,၅၀၀)ကျပ်တို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ(၁၉-၃-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_otr_fir

#rke_mar2019

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events