မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

19_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် မတ်လ (၁၉) ရက်‌‌နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်း‌‌ကျေးရွာအုပ်‌စု၊ ‌ဒေါ်ညိမ်‌း‌ကျေးရွာတွင်‌မတ်လ (၁၆) ရက်၌ နေအိမ်(၂) လုံး မီး‌လောင်‌မှုဖြစ်‌ပွားခဲ့ရာ ‌ကယ်‌ဆယ်‌‌ရေးပစ္စည်‌း (၁၆) မျိုး၊ (၂) အိမ်‌‌ထောင်‌စုစာ၊ ဆန်‌ဖိုး‌ငွေလူဦး‌ရေ (၈) ဦး အတွက် (၁၆၈၀၀) ကျပ်၊ အိမ်‌‌ဆောက်‌ပစ္စည်‌းဖိုး‌ငွေ (၃၀၀၀၀၀) ကျပ် တို့ကို ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဆက်‌လက်၍ ဒေါ်ညိမ်‌း‌ကျေးရွာ အုပ်‌စု၊ ခါးပြတ်‌‌ကျေးရွာတွင် အမျိုးသားသဘာဝ‌ဘေးရန်‌ပုံ‌ငွေဖြင်‌့ တည်‌‌ဆောက်‌လျက်‌ရှိသည်‌့ Multi Purpose Shelter (၁) လုံး ‌ဆောက်‌လုပ်‌‌နေမှုအ‌ခြေအ‌နေအား ကွင်‌းဆင်‌းကြည်‌့ရှူစစ်‌‌ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir
#ayy_mar2019
Source – ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events