စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုသတင်း

20 Pic 01 20 Pic 02 20 Pic 03 20 Pic 04 20 Pic 05 20 Pic 06 20 Pic 07 20 Pic 08 20 Pic 09 20 Pic 10 20 Pic 11 20 Pic 12 20 Pic 13 20 Pic 14 20 Pic 15

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ကလေးဝမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌ (၁၈-၃-၂၀၁၉)ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုများကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၀၀)လုံးခန့်နှင့် ဘာသာရေးကျောင်း (၅)ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် ဘာသာရေးကျောင်းများ အတွက် (၄၆)သိန်း(၈)သောင်းကျော်တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား သက်ဆိုင်ရာခရိုင်/ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများမှ တာဝန်ရှိသူ များက (၁၉-၃-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် လိုအပ်သည့်ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events