မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

19 pic 01
ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်အောင်ပကျေးရွာအုပ်စု၊ အောင်ပကျေးရွာ၌ (၁၄.၃.၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး၊ လူမနေသည့်အိမ် (၁) လုံး စုစုပေါင်းအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးမီးဘေးသင့်ခဲ့ပါသည်။
အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၂) စုအား ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၂) စုစာ၊ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၄၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၇၀၀) အား (၁၉.၃.၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir
#rke_mar2019
Source – ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events