လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟားခါးမြို့နယ်၊ ခွာပီးကျေးရွာအုပ်စု၊ ခွာပီးကျေးရွာ၌ (၁၇-၃-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ Care Myanmar Family Kit(၁)စုံ၊ First Aid Kits(၁)စုံ၊Care Myanmar ပလတ်စတစ်ရေပုံး (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်နှင် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၄,၇၀၀)ကျပ်တို့အား (၁၉-၃-၂၀၁၉) ရက်နေ့တွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#chn_mar2019
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)