လေဘေးနှင့် မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

19 Pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၁၈-၃-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်၍ အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာတွင် လူနေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၉၅၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ နှစ်အိမ်ထောင်စာ တို့အား ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါနေ့တွင် ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် မိုးကြိုးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာရလူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်တို့အား ကျွန်းလှမြို့နယ်ဆေးရုံ၌ (၁၉-၃-၂၀၁၉) ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw_tls
#sgg_mar2019
Source – ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events