Category Archives: News
-
သဘာ၀ဘေးအသိပညာပေးဆွေးနွေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၌ (၁၈-၃-၂၀၁၉) နေ့တွင် ပြည်သူလူထု(၁၀၀)ဦးအား သဘာ၀ဘေးအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_mar2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တံ့ုံပြန်မှုသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနှင့် Myanmar Blue Sky Rescue Development Council အဖွဲ့တို့ပူးပေါင်း၍ (၂၁-၃-၂၀၁၉) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း မ၌ *ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အရေးပေါ်တံ့ုံပြန်မှုသင်တန်း*ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး၊ ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား (၂၁-၃-၂၀၁၉) ရက်နေ့မှ (၂၄-၃-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဌာနဆိုင်ရာ များနှင့် သင်တန်းသား/သင်တန်းသူ (၆၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #bgo_mar2019 … Read more
-
တိုင်းဒေသကြီးအဆင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း(၁/၂၀၁၉) ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ RCC ခန်းမ၌ (၁၂-၃-၂၁၀၉) ရက်နေ့ မှ (၁၅-၃-၂၀၁၉) ရက်နေ့အထိ တိုင်းဒေသကြီးအဆင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၁၉) ကို သင်တန်း သား/သူ (၅၆) ဦးဖြင့် (၄) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_mar2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သောက်သုံးရေရှားပါးလျက်ရှိသော ဒီမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဆိုခူကျေးရွာသို့ ရေဂါလံ(၃၀၀၀) ဆန့် ရေသယ်ယာဉ်(၁)စီး ဖရူဆိုမြို့နယ်၊ မာခေရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာသို့ ရေဂါလံ(၃၀၀၀) ဆန့် ရေသယ်ယာဉ်(၁)စီး စုစုပေါင်း ရေသယ်ယာဉ် (၂)စီးကို (၂၀.၃.၂၀၁၉) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kyh_mar2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်အုပ်စု၊ တင်းဝါးချောင်းအုပ်စု၊ ကျမိုင်းကြီးရပ်ကွက်၊ ကြိမ်ဖူးကုန်းအုပ်စု၊ မက္ကလက်အုပ်စု၊ မန်ကျည်းကုန်းအုပ်စု၊ ကြိမ်ချောင်းအုပ်စု၊ မြောက်လည်အုပ်စု၊ နမ်းခမ်းအုပ်စု၊ ဆေးခင်းခုံအုပ်စု၊ မော်နိုင်းအုပ်စုတို့၌ (၁၈-၃-၂၀၁၉) ရက်နေ့၊ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သွားသော ဘုန်းကြီးကျောင်း ၃ ကျောင်း၊ အမိုးလှန်ပျက်စီးသွားသော အိမ်ခြေ (၆၄) လုံး၊ အိမ်ထောင်စု ၆၄ စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကြောင့် လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်ခဲ့သည့် ဘုန်းတော်ကြီး(၁)ကျောင်းနှင့် နေအိမ် (၃၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၃၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀၅၀၀၀) ကျပ်ကို ဘေးသင့်ပြည်သူထံသို့ (၂၀-၃-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ယင်းတိုက်ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ (၁၈-၃-၂၀၁၉) ရက်နေ့ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စု ၁ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၅ မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေစုစုပေါင်း(၇၅၀၀၀) ကျပ်အား (၂၀-၃-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)နှင့် လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၀၉၀၀ိ/-) တို့အား (၁၉-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင့် သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၁၁)ရပ်ကွက် လူနေအိမ်များနှင့် (၂)ဖာလုံခန့် ကွာဝေးသည့် တောတိုက်တစ်နေရာ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္စ္ခ္ခာဖိုးငွေ (၇)ရက်စာ (၈၄၀၀ိ/-)၊ သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)၊ စုစုပေါင်း(၄၀၈၄၀၀ိ/-) အား (၁၉-၃-၂၀၁၉) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈∕၁၉-၃-၂၀၁၉) ရက်နေ့များတွင် နွေဦးရာသီအတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ရသော ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှုလျှော့နည်းရန်အတွက် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအသိပညာပေးလုပ်ငန်းများအပြင် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်းဆောင်ရွက်ရာတွင် … Read more









