လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနှင့် Myanmar Blue Sky Rescue Development Council အဖွဲ့တို့ပူးပေါင်း၍ (၂၁-၃-၂၀၁၉) ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း မ၌ *ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်အရေးပေါ်တံ့ုံပြန်မှုသင်တန်း*ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး၊ ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအား
(၂၁-၃-၂၀၁၉) ရက်နေ့မှ (၂၄-၃-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဌာနဆိုင်ရာ
များနှင့် သင်တန်းသား/သင်တန်းသူ (၆၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #bgo_mar2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)