လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ယင်းတိုက်ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ (၁၈-၃-၂၀၁၉) ရက်နေ့ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ထောင်စု ၁ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၅ မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေစုစုပေါင်း(၇၅၀၀၀) ကျပ်အား (၂၀-၃-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)