Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်အုပ်စု၊ တင်းဝါးချောင်းအုပ်စု၊ ကျမိုင်းကြီးရပ်ကွက်၊ ကြိမ်ဖူးကုန်းအုပ်စု၊ မက္ကလက်အုပ်စု၊ မန်ကျည်းကုန်းအုပ်စု၊ ကြိမ်ချောင်းအုပ်စု၊ မြောက်လည်အုပ်စု၊ နမ်းခမ်းအုပ်စု၊ ဆေးခင်းခုံအုပ်စု၊ မော်နိုင်းအုပ်စုတို့၌ (၁၈-၃-၂၀၁၉) ရက်နေ့၊ (၁၉း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သွားသော ဘုန်းကြီးကျောင်း ၃ ကျောင်း၊ အမိုးလှန်ပျက်စီးသွားသော အိမ်ခြေ (၆၄) လုံး၊ အိမ်ထောင်စု ၆၄ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၅ မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေစုစုပေါင်း(၂၀၃၀၀၀၀) ကျပ်အား (၂၀-၃-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ဝန်းသိုအထွေထွေအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။