လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ အမှတ်(၁၁)ရပ်ကွက် လူနေအိမ်များနှင့် (၂)ဖာလုံခန့် ကွာဝေးသည့် တောတိုက်တစ်နေရာ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀ိ/-)၊ ဆန်ရိက္စ္ခ္ခာဖိုးငွေ (၇)ရက်စာ (၈၄၀၀ိ/-)၊ သေဆုံးထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)၊ စုစုပေါင်း(၄၀၈၄၀၀ိ/-) အား (၁၉-၃-၂၀၁၉) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)