လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ (၁၈-၃-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကြောင့် လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်ခဲ့သည့် ဘုန်းတော်ကြီး(၁)ကျောင်းနှင့် နေအိမ် (၃၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၃၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀၅၀၀၀) ကျပ်ကို ဘေးသင့်ပြည်သူထံသို့ (၂၀-၃-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)