လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈∕၁၉-၃-၂၀၁၉) ရက်နေ့များတွင် နွေဦးရာသီအတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ရသော ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှုလျှော့နည်းရန်အတွက် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းအသိပညာပေးလုပ်ငန်းများအပြင် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပေါက်မြို့နယ် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း(OSS)၊ အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှ ဗိုလ်မှူးကြီး စောလွင် ဦးစီးသော အင်အား(၃၀)ဦး၊ ဆပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘိုဌေးနှင့် ဒေသခံပြည်သူများလည်း ဝိုင်းဝန်းပူးပေါင်း၍ ထိခိုက်လွယ်အုပ်စုဖြစ်သော သက်ကြီးဘိုးဘွား အဖိုး ဦးတင်စော+ အဖွား ဒေါ်တင်မှီ၏ နေအိမ်အား တောင့်တင်းခိုင်မာပြီး ဘေးကင်းလုံခြုံကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်လျက် ရှိပါသည်၊၊ ထို့အပြင် လေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀ဝိ∕-)(ကျပ်လေးသိန်းငါးသောင်း)အား ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်၊၊
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)