Category Archives: News
-
မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း
မော်လမြိုင်၊ ၆ ဧပြီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ်ရှိ ကော့တာဆရာတော် အားသွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟသာၤခန်းမတွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ … Read more
-
ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုများကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အကြံပေးပညာရှင်များအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတွေ့ဆုံဆွေးနွေးမှုသတင်း
ရန်ကုန်၊ ဧပြီ ၆ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှု များကြောင့်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အကြံပြုချက်များ၊ သုံးသပ်ချက်များရယူ နိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးပညာရှင်များ၊ ဖြစ်ကြသော ဥက္ကဌဦးမောင်မောင်ခင်၊ အတွင်းရေးမှူး ဦးချစ်ကျော်၊ အဖွဲ့ဝင်များဖြစ်ကြသောဒေါက်တာထွန်းလွင်၊ ဦးဗစ်တာ၊ ဦးထွန်းပေါ်ဦး၊ ဦးရဲထွေး၊ ဦးမြင့်ရွှေ၊ ဦးကိုကိုအောင်၊ ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဒေါက်တာသန်းထိန်ဝင်းတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉) ရက်နေ့၌ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့၊ ရန်ကုန်၊ မန္တလေးလမ်းမပေါ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် (၁) ခုအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # bgo_apr2019
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဖြူးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူငယ်ပရဟိတအသင်းအဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စု၊ ကြက်ပေါင်ချောင်းကျေးရွာအုပ်စုနှင့် သာယာကုန်းကျေးရွာအုပ်စုများတွင် လေဘေး ကြိုတင်ကာကွယ်ရေး၊ အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar_sgw # bgo_apr2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးများညေး ကျေးရွာ၌် (၄-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရပ်ရွာပြည်သူ(၁၀၀)ဦးတို့ကိုလည်းကောင်း၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာ၌် (၅-၄-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် ရပ်ရွာပြည်သူ(၈၀)ဦး တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ar # kyh_apr2019
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင် သဖြင့် (၅-၄-၂၀၁၉) ရက်နေ့၌ လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်ရည် အားနည်းသည့်နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်းလူငယ်များတို့နှင့်ပူးပေါင်း၍ နေအိမ်များမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar_sgw # ayy_apr2019
-
ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာအုပ်စု၊ ညောင်လယ် ကျေးရွာ၌ (၅-၄-၂၀၁၉) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁) စုစာတို့အား … Read more
-
အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၆/၂၀၁၉)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ- “ယနေ့ မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ – အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၆.၄.၂၀၁၉) ရက်နေ့မှ (၁၀.၄.၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်း များတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ … Read more
-
အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉)ရက်နေ့၌ တောင်ငူခရှိင်၊ ဖြူးမြို့နယ်၊ ဖြူးမြို့ ပန်းခြံရှေ့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်း ဆိုင်းဘုတ် (၁) ခုအား စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # bgo_apr2019
-
လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးအုပ်စု၊ ကံဘက်အုပ်စု၊ ဝက်သေအုပ်စု၊ သက္ကယ်ပြင်(သံ)အုပ်စု၊ နောက်မီးအုပ်စုတို့မှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့် နေအိမ်၊ အဘိုး၊ အဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစု ဝင်များပြားသည့် နေအိမ် (၃၀) လုံးအား ရွေးချယ်ပြီး နေအိမ်များ မွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာအုပ်စု တစ်ခုချင်းအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး၊ စေတနာ့ဝန်ထမ်း လူငယ်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား … Read more









