
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဖြူးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူငယ်ပရဟိတအသင်းအဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စု၊ ကြက်ပေါင်ချောင်းကျေးရွာအုပ်စုနှင့် သာယာကုန်းကျေးရွာအုပ်စုများတွင် လေဘေး ကြိုတင်ကာကွယ်ရေး၊ အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
# ar_sgw
# bgo_apr2019