လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးအုပ်စု၊ ကံဘက်အုပ်စု၊ ဝက်သေအုပ်စု၊ သက္ကယ်ပြင်(သံ)အုပ်စု၊ နောက်မီးအုပ်စုတို့မှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့် နေအိမ်၊ အဘိုး၊ အဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစု ဝင်များပြားသည့် နေအိမ် (၃၀) လုံးအား ရွေးချယ်ပြီး နေအိမ်များ မွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာအုပ်စု တစ်ခုချင်းအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး၊ စေတနာ့ဝန်ထမ်း လူငယ်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်းခြင်း၊ နေအိမ်များအား ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar_sgw
#ayy_apr2019