လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ထီးများညေး ကျေးရွာ၌် (၄-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရပ်ရွာပြည်သူ(၁၀၀)ဦးတို့ကိုလည်းကောင်း၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာ၌် (၅-၄-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် ရပ်ရွာပြည်သူ(၈၀)ဦး တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
# ar
# kyh_apr2019