Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ပြည်တော်သာလမ်း၌ (၉-၄-၂၀၁၉) ရက်နေ့တွင် ဖယောင်းတိုင်မှတဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်အား (၁၀-၄-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_apr2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်:
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၉) ရက်နေ့တွင် ထားဝယ်ခရိုင်၊ လောင်းမြို့နယ်၊ ကညုံကျွန်းကျေးရွာ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်တို့အား (၈-၄-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir #tny_apr2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုနှင့် အသိပညာပေး ဗွီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာမှ လေပြင်း ဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်၊ အဘိုးအဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစုဝင်များပြားသည့် နေအိမ် (၃၀)လုံးအား ရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင် မှုဆောင်ရွက်နိုင်ရန်အတွက် (၉-၄-၂၀၁၈) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ဖောင်တိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စေတနာ့ဝန်ထမ်း လူငယ်များ၊ ကျေးရွာပြည်သူလူ ထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြို တင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်း ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ … Read more
-
သဘာဝဘေးအန္တရာယ် အသိ ပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာ၌ (၉-၄-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကံဘက်ကျေးရွာအုပ်စု၊ ဝက်သေကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ နောက်မီးကျေးရွာအုပ်စုများမှ တစ်အုပ်စုလျှင်နေအိမ်အလုံး (၃၀) အား လေဘေးကြိုတင်ပြင်ဆင်ရေးအဖြစ် နေအိမ်များမွမ်းမံပြင်ဆင်ခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူလူထုများနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး+ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် အသိ ပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၄.၂၀၁၉) ရက်နေ့ (၁၀း၀၀)နာရီတွင် ကော့ကရိတ်မြို့နယ်၊ သမိန်ဒွတ်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လူဦးရေ (၂၀၀) ဦးခန့်အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော School Cum Shelter (၃) လုံး၏ (၂၅%) လုပ်ငန်းပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး( ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လုပ်ငန်း ကြီးကြပ်မှုအဖွဲ့များနှင့်အတူ လပွတ္တာမြို့နယ်၊ ဘိုသင်ကုန်းကျေးရွာ၊ ဆားချက်ကျေးရွာနှင့် တာလူဖတောကျေးရွာတို့၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော School Cum Shelter (၃) လုံး၏ (၂၅%)လုပ်ငန်းပြီးစီးမှု အခြေအနေအား သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။#otr #ayy_apr2019
-
လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်ပံ တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေလျှံကျေးရွာအုပ်စု၊ ရေလျှံရွာ၊ သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ လွှစင်ကုန်းကျေးရွာများသို့ သွားရောက်၍ လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်အားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်မှုလုပ်ငန်း များကို (၁၀-၄-၂၀၁၉) ရက် နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် အသိ ပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက်၌ (၁၀-၄-၂၀၁၉)ရက်နေ့တွင် ပြည်သူလူထု (၁၀၀)ဦးအား သဘာဝဘေး အန္တရာယ် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_apr2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် သန်လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက် ၊ကန်သာယာ (၂) လမ်း၌ လျှပ်စစ်မီးကြိုးအပူလွန်ကဲ၍ မီဘေးသင့်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၄) လုံးမီးလောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၈) ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၇၈၀၀) ကျပ်နှင့် အဝတ်အထည် (၄) အိတ်တို့အား … Read more









