လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

10_Pic_02 10_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်ပံ တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေလျှံကျေးရွာအုပ်စု၊ ရေလျှံရွာ၊ သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ လွှစင်ကုန်းကျေးရွာများသို့ သွားရောက်၍ လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်အားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်မှုလုပ်ငန်း များကို (၁၀-၄-၂၀၁၉) ရက် နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_sgw
#bgo_apr2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events