
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာ၌ (၉-၄-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)