လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးနှင့် အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့၌ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကံဘက်ကျေးရွာအုပ်စု၊ ဝက်သေကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ နောက်မီးကျေးရွာအုပ်စုများမှ တစ်အုပ်စုလျှင်နေအိမ်အလုံး (၃၀) အား လေဘေးကြိုတင်ပြင်ဆင်ရေးအဖြစ် နေအိမ်များမွမ်းမံပြင်ဆင်ခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာစိုက်ထူခြင်းလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူလူထုများနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw
#ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး+ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events