
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဖောင်တိုးကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာမှ လေပြင်း ဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်၊ အဘိုးအဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစုဝင်များပြားသည့် နေအိမ် (၃၀)လုံးအား ရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင် မှုဆောင်ရွက်နိုင်ရန်အတွက် (၉-၄-၂၀၁၈) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ဖောင်တိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စေတနာ့ဝန်ထမ်း လူငယ်များ၊ ကျေးရွာပြည်သူလူ ထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြို တင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်း ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လေပြင်းဘေး ဗွီနိုင်းပိုစတာစိုက်ထူခြင်း၊ နေအိမ်များအား ကျေးရွာမှတာဝန်ရှိသူ များနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_sgw
#ayy_apr2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)