လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် သန်လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက် ၊ကန်သာယာ (၂) လမ်း၌ လျှပ်စစ်မီးကြိုးအပူလွန်ကဲ၍ မီဘေးသင့်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၄) လုံးမီးလောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၈) ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၃၇၈၀၀) ကျပ်နှင့် အဝတ်အထည် (၄) အိတ်တို့အား (၁၀-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အတူ ဒါရ်ကာရပ်ကွက်အုပ်ချုပ်ရုံးတွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir
#ygn_apr2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)