အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော School Cum Shelter (၃) လုံး၏ (၂၅%) လုပ်ငန်းပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး( ဘစမ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လုပ်ငန်း ကြီးကြပ်မှုအဖွဲ့များနှင့်အတူ လပွတ္တာမြို့နယ်၊ ဘိုသင်ကုန်းကျေးရွာ၊ ဆားချက်ကျေးရွာနှင့် တာလူဖတောကျေးရွာတို့၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော School Cum Shelter (၃) လုံး၏ (၂၅%)လုပ်ငန်းပြီးစီးမှု အခြေအနေအား သွားရောက်စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။#otr
#ayy_apr2019

Sign Up

Upcoming Events