Category Archives: News
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဗီးနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းမကြီးဘေးတွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ အား ပြည်သူလူထုများသိရှိစေရန်ရည်ရွယ်၍ ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # bgo_apr2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲကျေးရွာအုပ်စု၊ ပေါက်ကုန်းတိုးချဲ့၌ (၃၀-၃-၂၀၁၉) ရက်နေ့၊ (၁၄း၄၄) နာရီအချိန်တွင် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီး စတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ နေအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) … Read more
-
ကသာခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ များတွင် (၉.၄.၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခိုက်မှုကြောင့် အမိုးလန်နေအိမ် (၂၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး (၂၆)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၃၈၅,၀၀၀/-)ကျပ်နှင့် သစ်ပင်ပိဒဏ်ရာ ရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်တို့ကို ဘေးသင့်ပြည်သူထံသို့ (၁၁.၄.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဗီးနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မကွေး-စလင်း ကားလမ်းဘေးနှင့် မင်းဘူးဈေး(အရှေ့ဘက်)တွင် သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များအား ပြည်သူများသဘာဝဘေး အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # mgy_apr2019
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းအပိုင်း၊ တော်ဝင်လမ်း၌ (၁၁-၄-၂၀၁၉) ရက်နေ့၊ (၀၃း၅၀) နာရီချိန်တွင် ဝါယာကြိုးမှ အပူလွန်ကဲ၍ မီးစတင် လောင်ကျွမ်းခဲ့ရာ နေအိမ် (၂၃) လုံးမီးလောင်ကျွမ်းခဲ့ပြီး နေအိမ် (၂) လုံး မီးတားကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၁) ဦးတို့ မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် နေအိမ် များအတွက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဗွီနိုင်းဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းန်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၁-၄-၂၀၁၉)ရက်နေ့တွင် သဘာဝဘေး အမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များ အား ပြည်သူလူထုများသိရှိစေ ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ ဈေးချိုလမ်း၊ အောင်ဆန်းစာကြည့်တိုက်နှင့် စည်ပင်သာယာဈေးအနီး ကားလမ်းဘေးတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များအားဖြည့်ပြင်ဆင်ခြင်းနှင့် ပြုပြင်မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ကျေးရွာအုပ်စုနှင့် အိုးဘိုကုန်းကျေးရွာတို့တွင် လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များအားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်နိုင်၊ မြို့နယ်ထွေအုပ်မှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များ ပြည်သူလူထုများသိရှိစေရန် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့၊ ရန်ကုန်-ပြည် ကားလမ်းမကြီးဘေး စာတိုက်လမ်းအဝထိပ်တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗွီနိုင်း ဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကျေးရွာတွင် (၁၀-၄-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် စာ (၃၂,၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၈,၄၀၀/-)ကျပ်တို့အား (၁၁-၄-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် မီးဘေး သင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်မှ တာဝန်ရှိသူများ၊ ထန်းတပင်မြို့နယ် မြို့မလူမှုကူညီစောင့်ရှောက်ရေးအသင်းနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သုခရပ်ကွက်၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာများသို့ သွားရောက်၍ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား (၁၁-၄-၂၀၁၉) ရက်နေ့တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









