ကသာခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

12_Pic_01 12_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ များတွင် (၉.၄.၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခိုက်မှုကြောင့် အမိုးလန်နေအိမ် (၂၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး (၂၆)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၃၈၅,၀၀၀/-)ကျပ်နှင့် သစ်ပင်ပိဒဏ်ရာ ရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်တို့ကို ဘေးသင့်ပြည်သူထံသို့ (၁၁.၄.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#sgg_apr2019
Source:    ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events