လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျောက်ခွက်ကျေးရွာအုပ်စုနှင့် အိုးဘိုကုန်းကျေးရွာတို့တွင် လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်များအားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကျော်နိုင်၊ မြို့နယ်ထွေအုပ်မှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။#ar_sgw
#bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)