လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲကျေးရွာအုပ်စု၊ ပေါက်ကုန်းတိုးချဲ့၌ (၃၀-၃-၂၀၁၉) ရက်နေ့၊ (၁၄း၄၄) နာရီအချိန်တွင် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲပြီး မီး စတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ နေအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၃,၆၀၀/-) ကျပ်တို့အား (၁၁-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ygn_apr2019