လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းန်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၁-၄-၂၀၁၉)ရက်နေ့တွင် သဘာဝဘေး အမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များ အား ပြည်သူလူထုများသိရှိစေ ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ ဈေးချိုလမ်း၊ အောင်ဆန်းစာကြည့်တိုက်နှင့် စည်ပင်သာယာဈေးအနီး ကားလမ်းဘေးတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_apr2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)