မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းအပိုင်း၊ တော်ဝင်လမ်း၌ (၁၁-၄-၂၀၁၉) ရက်နေ့၊ (၀၃း၅၀) နာရီချိန်တွင် ဝါယာကြိုးမှ အပူလွန်ကဲ၍ မီးစတင် လောင်ကျွမ်းခဲ့ရာ နေအိမ် (၂၃) လုံးမီးလောင်ကျွမ်းခဲ့ပြီး နေအိမ် (၂) လုံး မီးတားကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၁) ဦးတို့ မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် နေအိမ် များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂၃)အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေး ပစ္စည်း (၁၁)မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၂၀၀,၀၀၀/)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၉၁,၁၀၀/-) ကျပ်နှင့် အဝတ်အထည်များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၁-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ygn_apr2019

Sign Up

Upcoming Events