လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကျေးရွာတွင် (၁၀-၄-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် စာ (၃၂,၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၈,၄၀၀/-)ကျပ်တို့အား (၁၁-၄-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် မီးဘေး သင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_apr2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)