Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုုက်ခတ်မှုဖြစ်ပွားခဲ့သော ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု၊ မောင်းရုံကျေးရွာရှိ အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်အား (၇-၅-၂၀၁၉) ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုုက်ခတ်မှုဖြစ်ပွားခဲ့သော သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၈) ရွာရှိ ပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၃၅) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၃၅၀၀၀/-) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၃၄၀၀/-) ကျပ် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူ မြို့နယ်၊ ပန်းတင်အုပ်စု၊ရေလဲအောက်စုရွာတွင်(၃-၅-၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးခဲ့သောအိမ်ခြေ(၁)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၊ စုစုပေါင်းအိမ်ေ ခြ(၂)လုံး၊ အိမ်ထာင်စု(၂)စုရှိ လူဦးရေ(၇)ဦးတို့အတွက်(၃၂,၃၅၃)ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စုစာကိုလည်းကောင်း၊ (၁၈,၅၁၀)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း ဖိုး(၁၃၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၄,၇၀၀)ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၄၄,၇၀၀)ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ(၂)ချပ်ကိုလည်းကောင်း(၆-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူမြို့နယ်၊နောက်မီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင်(၃-၅-၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စုရှိလူဦးရေ(၄၂)ဦးတို့အတွက်(၁၈,၅၁၀) ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၇)အိမ်ထောင်စုစာကိုလည်းကောင်း ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀)ကျပ် ၊ဆန်ရိက္ခာဖိုး(၈၈,၂၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၇၈၈,၂၀၀) ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ(၇)ချပ်ကိုလည်းကောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၆-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
မေ၊ ၆၊ ရန်ကုန် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ကို ရန်ကုန်မြို့၊ Park Royal Hotel ၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး … Read more
-
အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၃/၂၀၁၉) ဖွင့်လှစ်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတမြို့) တွင် (၆-၅-၂၀၁၉) ရက်နေ့၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၃/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေ အမှတ်-၁ (ဟင်္သာတမြို့) မှ ဦးကျော်စိုး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ ဟင်္သာတနည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ သင်တန်းသား/သူ (၉၂) ဦး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့သော ကျိုင်းတုံမြို့၊ ရပ်ကွက် (၄) ၊ မာန်ပေါက်တိုက်ရပ်တွင် လူနေအိမ် (၁) လုံး ပျက်စီးခဲ့ခြင်းနှင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး မီးဘေးသင့်ခဲ့၍ (၆-၅-၂၀၁၉) ရက်နေ့တွင် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုး၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-) ကျပ်နှင့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်၊ လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ကျေးရွာတွင် လူနေအိမ် (၂) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့၍ (၆-၅-၂၀၁၉) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၂၅၀၀/-) ကျပ်တိတိကို ဘေးသင့်ပြည်သူများ ထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းဘွဲမြို့နယ်၊ ရွှေဂန်းကျေးရွာတွင် ဘာသာရေး ကျောင်း (၂) ကျောင်းနှင့် အိမ်ခြေ (၃၉) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၃၉) စု ၊ လူဦးရေ (၂၃၃) ဦး ဘေးသင့်ခဲ့ရာ (၆-၅-၂၀၁၉) ရက်နေ့တွင် အိမ်ထောင်စု (၃၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးစီနှင့် အိမ်ခြေ (၃၉) လုံးနှင့် ဘာသာရေး … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရတနာဘုံမြင့်ဆရာတော်၏ အကူအညီတောင်းခံမှုကြောင့် သောက်သုံးရေပြတ်လပ်နေသည့် ရတနာဘုံမြင့်ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလန်(၁,၅၀၀)အား (၆.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #krn_may2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)









