လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းဘွဲမြို့နယ်၊ ရွှေဂန်းကျေးရွာတွင် ဘာသာရေး ကျောင်း (၂) ကျောင်းနှင့် အိမ်ခြေ (၃၉) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၃၉) စု ၊ လူဦးရေ (၂၃၃) ဦး ဘေးသင့်ခဲ့ရာ (၆-၅-၂၀၁၉) ရက်နေ့တွင် အိမ်ထောင်စု (၃၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးစီနှင့် အိမ်ခြေ (၃၉) လုံးနှင့် ဘာသာရေး အဆောက်အဦအတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၇၅၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၃၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄၈၉၃၀၀/-) ကျပ်၊ စုစုပေါင်း ကျပ် (၃၅၆၄၃၀၀/-) အား ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_sgw
#krn_may2019

ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events