
အင်္ဂပူမြို့နယ်၊နောက်မီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင်(၃-၅-၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၇)စုရှိလူဦးရေ(၄၂)ဦးတို့အတွက်(၁၈,၅၁၀) ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၇)အိမ်ထောင်စုစာကိုလည်းကောင်း ၊ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀)ကျပ် ၊ဆန်ရိက္ခာဖိုး(၈၈,၂၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၇၈၈,၂၀၀) ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ(၇)ချပ်ကိုလည်းကောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၆-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)