မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့သော ကျိုင်းတုံမြို့၊ ရပ်ကွက် (၄) ၊ မာန်ပေါက်တိုက်ရပ်တွင် လူနေအိမ် (၁) လုံး ပျက်စီးခဲ့ခြင်းနှင့် အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး မီးဘေးသင့်ခဲ့၍ (၆-၅-၂၀၁၉) ရက်နေ့တွင် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုး၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပ့ံငွေ (၂၁၆၈၀၀/-) ကျပ်ကို ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_fir
#shn_may2019
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events