လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုုက်ခတ်မှုဖြစ်ပွားခဲ့သော သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၈) ရွာရှိ ပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၃၅) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၃၅၀၀၀/-) ကျပ်၊ ပြိုလဲ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၄၃၄၀၀/-) ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ် ပုံးအပါ) (၁) အိမ်ထောင်စာအား (၇-၅-၂၀၁၉) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါ်နော်ပွယ်စေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ လက်ပံတန်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ လက်ဝယ်အရောက် သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_may2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events